"သတိပြုရန်"

CMP သွင်းကုန်လိုင်စင် ထောက်ခံချက်များ လျှောက်ထားရာ၌ Productionတွင် အသုံးပြုပြီး Export ပြန်လည်ထွက်ရှိမည်မဟုတ်သော ကုန်ကြမ်းပစ္စည်းများအား ထည့်သွင်းလျှောက်ထားခွင့်ပြုမည် မဟုတ်ပါ။

(Eg; Pattern Paper , Marker Paper , Plastic Sheet , Pallet , Paper Roll , Card Board Tube and etc......)

2022 HS Version Unitအရ PR Unit အစား 2U Unit ကို ပြောင်းလဲအသုံးပြုပေးပါရန်။

Information for CMP Garment Factories,
မြဝတီလိုင်စင် (Border Trade) ဖြင့် လျှောက်ထားတင်သွင်းခဲ့သည့် CMP စက်ရုံများ၏ ကုန်ကြမ်းများသည် မြဝတီနယ်စပ်တွင် ပိတ်မိနေပါက လျှောက်ထားရယူခဲ့သည့် မြဝတီလိုင်စင်များအစား ကော့သောင်းလိုင်စင် သို့ ပြောင်းလဲလျှောက်ထားနိုင်ပြီး ကော့သောင်းဘက်မှတဆင့် တင်သွင်းနိုင်ပါကြောင်း၊ လိုင်စင်ပေါ်တွင် မြဝတီ လိုင်စင် အစား ကော့သောင်းလိုင်စင်သို့ ပြောင်းလဲနိုင်ပါကြောင်း နှင့် မည်ကဲ့သို့ ပြောင်းလဲလျှောက်ထားရမည်ကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန (၀၆၇-၃၄၀၈၇၁၀ ၊ ၀၆၇-၃၄၀၈၇၁၁ ၊ ၀၆၇-၃၄၀၈၃၂၃) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ် ပါသည်။